လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြောက်ဘက်ကျေးရွာ၊ ညောင်ဝန်းပေါက်ကျေး ရွာ၊ အင်းတောကျေးရွာ၊ ဂွေးဂုံကျေးရွာ၊ ဆူးလေကုန်းကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ (၃၀.၅.၂၀၁၉)ရက်နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီတွင် ပေါက်မြို့နယ်၊ မြောက်ဘက်ကျေးရွာအုပ်စု၊ မြောက်ဘက်ကျေးရွာ၊ ညောင်ဝန်းပေါက်ကျေးရွာ အုပ်စု၊ ရှခွကြီးကျေးရွာ၊ အင်းတောကျေးရွာအုပ်စု၊ အင်းတော(တ)ကျေးရွာ၊ ဂွေးဂုံကျေးရွာအုပ်စု၊ ကျွန်းတိုင်းကျေးရွာ၊ ဆူးလေကုန်းကျေးရွာအုပ်စု၊ ဆူးလေကုန်းကျေးရွာတို့တွင် (၂၉.၅.၂၀၁၉) ရက်နေ့၊ ညနေ (၂၀:၄၅) အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော ဘုန်းကြီးကျောင်း (၁) ကျောင်း အိမ်ခြေ (၁၂) လုံးတွင် အိမ်ထောင်စု (၁၂) စုမှ ကျား (၂၆) ဦး၊ မ (၃၄) ဦး၊ စုစုပေါင်း (၆၀) ဦးအား ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၂၆၀၀၀)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၆၇၀၀၀၀)၊ စုစုပေါင်း (၇၉၆၀၀၀) ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)