လေဘေးထောက်ပံ့မှုသတင်း

31 Pic 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၅.၂၀၁၉) ရက်နေ့ ဖြစ်ပွားသော လေဘေးကြောင့် ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်း၊ တောင်ပိုင်းအုပ်စု တင်သားကျေးရွာ (၅)ရွာမှ လေဘေးသင့်အိမ်စု (၁၉) စု အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၄၀၀၀၀)၊Iမြောက်စည်း (ရွာသစ်) ကျေးရွာမှ အိမ်ထောင်စု (၁၀) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၇၀၀၀၀)၊ ခုံတိုးမြိုသာအုပ်စုမှ အိမ်ထောင်စု (၈) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၆၀၀၀၀)၊ နတ်မြောင်းအုပ်စု အိမ်ထောင်စု (၆) စုအတွက် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၁၇၅၀၀၀)၊ အရှေ့စည်းကျေးရွာအုပ်စုမှ အိမ်ထောင်စု (၅)စုအတွက် ထောက်ပံ့ငွေ (၁၁၀၀၀၀)၊ ငါးဖားကျေးရွာအုပ်စုမှ အိမ်ထောင်စု (၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၀၀၀၀)၊ နတ်ချောင်းအုပ်စု၊ စည်သာကျေးရွာ၊ အိမ်ထောင့်စု (၁) စုအတွက် (၅၀၀၀၀) စုစုပေါင်း ကျေးရွာအုပ်စု (၇) စုမှ ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေစုစုပေါင်း (၁၄၈၅၀၀၀)ကျပ် အား (၃၁.၅.၂၀၁၉) ရက်နေ့ နံနက် (၀၉း၀၀)အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းဝေးခန်းမတွင် သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#sgg_may2019

Source : ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events