တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

31_Pic_01
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ကြိုးကြာကွင်းကျေးရွာအုပ်စု၊ ကြိုးကြာကွင်းကျေးရွာသို့ ရသေ့တောင်မြို့နယ်မှ လာရောက်သည့် တိုက်ပွဲရှောင်အိမ်ထောင်စု( ၆ )စု၊ လူဦးရေ(၂၅)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုး အိမ်ထောင်စု(၆ )စုစာတန်ဖိုးငွေ( ၅၈,၉၈၀) ကျပ်နှင့် ဆန်ရိက္ခာဖိုး တစ်လစာတစ်ဦးလျှင်(၉,၀၀၀) ကျပ်နှုန်းဖြင့်လူဦးရေ(၂၅)ဦး အတွက်(၂၂၅,၀၀၀) ကျပ်၊ စုစုပေါင်း( ၂၈၃,၉၈၀ ) ကျပ်တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁. ၅.၂၀၁၉ )ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာသို့ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ကွင်းဆင်း၍ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
 
#ha_otr
#rke_may2019
Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events