လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄/၂၅-၅-၂၀၁၉)ရက်နေ့၌ မိုးညိုမြို့နယ်၊ အတွင်းကျေးရွာအုပ်စု (၁၉)စုတွင်ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၈)လုံး၊ အမိုးလန်နေအိမ် (၁၄၀)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၆၇၅,၀၀၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၈)စုရှိလူဦးရေ (၃၂)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၆၇,၂၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၇၄၂,၂၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (ပလပ်စတစ်ပုံးအပါ) (၈) အိမ်ထောင်စာ တို့ကို (၃၁-၅-၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းဝေးခန်းမတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ် ရေးမှူးနှင့်စာရေးများနှင့်အတူဘေးသင့် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)