လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာတွင် ကိုမျိုးဆွေ (ဘ) ဦးလုံး (၂၅) နှစ်သည် မိသားစုနေအိမ်ဆောက်လုပ်နေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းအတွက် ထောက်ပံ့ကြေးငွေ (၃၀၀၀၀၀) ကျပ်တိတိအား မိုးကြိုးဘေးသင့်သေဆုံးသူ မိသားစုဝင်တစ်ဦးအား ကွင်းဆင်းသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#ayy_may2019
Source: ဖျာပုံဦးစီးမှူးရုံး (ဘစမ)