ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးတက်ရောက်အမှာစကားပြောကြားမှုသတင်း

 

မေ၂၅၊နေပြည်တော်

နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်မြတ်အေးသည် နော်ဝေ အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-IngeUlstein နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် Mr. Yves Daccord ဦးဆောင်သော အဖွဲ့တို့နှင့် ယမန် နေ့နံနက်ပိုင်းက Radisson Blu Hotel သီးသန့်ဧည့်ခန်းမဆောင်၌ သီးခြားစီ တွေ့ဆုံခဲ့ပါသည်။

နော်ဝေအပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးနှင့်တွေ့ဆုံရာတွင် နော်ဝေနိုင်ငံနှင့် မြန်မာ နိုင်ငံနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ကျား/မတန်းတူညီမျှရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုကိစ္စရပ်များ၊လူမှု-စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသမီး များ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံမှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊အမျိုးသမီးများ အကြမ်းဖက်ခံရမှု ကာကွယ်တားဆီးရေးဥပဒေရေးဆွဲနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် UEHRD မှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ညနေပိုင်းတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်နှင့်တွေ့ဆုံရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် ICRC တို့ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ရခိုင်ပြည်နယ်တွင် Red Cross Movement အပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုအခြေအနေများ၊ ပဋိပက္ခများအတွင်း လိင်ပိုင်ဆိုင်ရာ အကြမ်း ဖက်မှု ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

#hl1

#may2019

 

 

 

 

 

 

 

Sign Up

Upcoming Events