လေဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာ အုပ်စု (၂၃) စု၊ ကျေးရွာ (၃၁) ရွာတို့၌ (၂၁/၂၂/၂၃-၅-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း (၅) ကျောင်း၊ ပြိုကျနေအိမ် (၉) လုံး၊ အမိုးလန်နေအိမ် (၂၅၆) လုံးပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်း (၅) ကျောင်း၊ အိမ်ခြေ(၂၆၅)လုံး၊ အိမ်ထောင်စု (၂၆၅) စု၊ လူဦးရေ စုစုပေါင်း (၉၇၂) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၉၇၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၀၄၁,၂၀၀/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် ကျောင်းဆောက်အလှူငွေ ( ၂၉၀,၀၀၀/-) ကျပ်၊ ပြိုကျနေအိမ် (၉) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀/-)ကျပ်၊ အမိုး လန်နေအိမ် (၂၅၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃,၈၃၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇,၀၆၁,၂၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၉) အိမ်ထောင်စာတို့အား (၂၅-၅-၂၀၁၉) ရက် နေ့တွင် သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများလက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw

#mgy_may2019

 

 

Sign Up

Upcoming Events