လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅/၁၆-၅-၂၀၁၉) ရက်နေ့တို့တွင် မိုးညှင်း မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ၏ အရှေ့ဘက် (၅) မိုင်ခန့်အကွာတွင် မိုင်းနင်း မိ၍ ဒဏ်ရာရရှိသူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၂၄-၅-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#kcn_may2019