လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အတွင်း၌ (၆/၁၆/၁၉/၂၁/၂၂-၅-၂၀၁၉) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် ပြိုလဲနေအိမ် (၃၄) လုံးနှင့် အမိုးလန်နေအိမ် (၁၃၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၅၈၉၃၅၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၃၄) စုရှိ လူဦးရေ (၁၂၈) ဦးတို့အတွက် ဆန် ရိက္ခာ ဖိုးထောက်ပံငွေ (၂၆၈၈၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၈၅၈၁၅၀/-) ကျပ် ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုး (၃၄) အိမ်ထောင်စာတို့အား (၂၅-၅-၂၀၁၉) ရက်နေ့ (၁၀းဝဝ) နာရီအချိန်တွင် သာယာ ဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ ညောင်သာယာရွာ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ သာယာဝတီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ကြို့ပင်ကောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_may2019