လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉) ရက်နေ့တွင် လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် ပျက်စီးခဲ့သော လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ ထီသူးကူးကျေးရွာရှိ မီးဘေး (၁) အိမ်အတွက် ကယ်ဆယ်ရေး ပစ္စည်း (၂၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး (၄၂၀၀/-) ကျပ်၊ ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၁၀၄၂၀၀/-) ကျပ်ကို လွိုင်ကော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိ်သူများသို့ (၂၄-၅-၂၀၁၉) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ha_fir
#kyh_may2019
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)