လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၉) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ပညာရေးကောလိပ်၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနှင့် ခရိုင်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်၊ မိုးဇလဆိုင်ရာဘေးအန္တရာယ်၊ ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်နှင့် ကျေးလက်နေအိမ်များ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိရန် အကြံပြုချက်များကို ဆွေးနွေးဟောပြောခဲ့ရာ ဆရာ/ဆရာမ သင်တန်းသား/သူ (၃၃၀) ဦး တက်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#kyh_may2019
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)