လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ရေလာကျေးရွာအုပ်စု၊ ရေလာ    လေးကျေးရွာ၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဖောင်ချောင်းကျေးရွာ၊ မကျီးတန်းကျေးရွာတို့၌ (၂၃-၅-၂၀၁၉) ရက်နေ့ (၂၀:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၁,၅၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၇၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၁,၅၀၀/-) ကျပ်တို့အား (၂၄-၅-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူ များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw

#mgy_may2019

 

Sign Up

Upcoming Events