လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

 

 

25 _ Pic 01 25 _ Pic 02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ သဲဖြူအုပ်စု၊ ဖိုးလေးကုန်းကျေးရွာနှင့် နတ်ရေကန်ကျေးရွာတို့၌ (၂၃-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့အလှူငွေ (၉၀,၀၀၀/-) ကျပ်၊ လုံးဝ ပျက်စီးခဲ့သော အိမ်ခြ (၁) လုံး၊ အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ (၂) လုံး စုစုပေါင်း အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၈၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ ဖိုးငွေ (၂၃,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၉၃,၁၀၀/-) ကျပ်တို့အား (၂၄-၅-၂၀၁၉) ရက်နေ့တွင်တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw

#ayy_may2019

 

Sign Up

Upcoming Events