လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

23_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၉)စု၊ ကျေးရွာ(၁၄) ရွာတွင် (၂၀-၅-၂၀၁၉) ရက်နေ့ (၁ရး၀၀)နာရီမှ (၁၈း၀၀)နာရီ အချိန်ထိ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၅၁)လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ(၅၁)လုံး၊ အိမ်ထောင်စု(၅၁)စု လေဘေးသင့်ခဲ့ရာ အမိုးလန်နေအိမ်(၅၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၆၂၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၅၁)အိမ်ထောင်စာတို့အား (၂၂-၅-၂၀၁၉) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mdy_may2019

Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events