လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

23_Pic_01

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ကံကြီးကုန်းအုပ်စု၊ ကိုင်းချောင်းရွာ၊ လွှစင်အုပ်စု၊ လွှစင်ကျေးရွာတို့တွင် (၂၁.၅.၂၀၁၉)ရက်နေ့ လေဘေးကြောင့် ပြိုလဲနေအိမ်(၄)လုံး၊ အမိုးလန် နေအိမ်(၄၃)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၁) ကျောင်းတို့အတွက် အိမ်/ကျောင်း ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၁၄၈၉၅၀)၊ ပြိုလဲနေအိမ်(၄)လုံးရှိ လူ(၁၆)ဦးတို့ အတွက် (၂၉၄၀၀/-) ၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၇၈၃၅၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ ပလတ်စတစ်ပုံးအပါ(၄)ပုံးတို့အား (၂၂.၅.၂၀၁၉)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းအောင်၊ ပြည်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#kyh_may2019

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events