လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အောင်လံမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု၊ကျေးရွာ(၄)ရွာတို့တွင် (၁၉.၅.၂၀၁၉)ရက်နေ့၊ (၁၆:၃၀)နာရီမှ (၁၆:၅၀)နာရီအချိန်အထိ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းနှင့် နေအိမ် (၄၉)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၄၉)လုံး၊ အိမ်ထောင်စု(၄၉)စု၊ လူဦးရေ စုစုပေါင်း(၂၀၁)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၀၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ၄၂၂၁၀၀/-၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး ၈၀၀၀၀/-၊ အမိုးလန်နေအိမ်(၄၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၈၈၃၅၀၀/-၊ ရန်ပုံငွေစုစုပေါင်း ၁၃၈၅၆၀၀/- တို့အား (၂၁.၅.၂၀၁၉) ရက်နေ့တွင် အောင်လံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူ းများ လက်ဝယ်သို့လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source – သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)