မီးဘေးထောက်ပံ့မှုသတင်း

21 Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၊ ဟိန္ဒူရွာတွင် (၂၀-၅-၂၀၁၉) ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ် (၃) လုံး ဆုံးရှုံးခဲ့ပြီး လူနေအိမ် (၃) လုံး အိမ်ထောင်စု (၃) စုမှ လူဦးရေ (၂၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၄) စုစာ၊ လူနေအိမ် (၁) လုံးလျှင် (၁၀၀၀၀၀/-) ကျပ်နှုန်းဖြင့် လူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်၊ လူဦး ရေ (၂၂) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ (၄၆၂၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၄၆၂၀၀/-) ကျပ်အား (၂၀-၅-၂၀၁၉) ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#rke_may2019

Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events