လေဘေးထောက်ပံ့မှုသတင်း

21 Pic_01

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၁၈.၅.၂၀၁၉)ရက်နေ့နှင့် (၁၉.၅.၂၀၁၉) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့်( မအူပင်. ပန်းတနော်. ဓနုဖြူ) မြို့နယ် တို့တွင် နေအိမ်များပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ပါသဖြင့် (၂၁.၅.၂၀၁၉)ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်းနှင့် ကယ်ဆယ်ရေးရန်ပုံငွေများအား အောက်ပါအတိုင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည် (၁) မအူပင်မြို့နယ် အမှတ်(၁)ရပ်ကွက် ပိန်းချောင်း၊ တလုပ်လပ်အနောက်၊ ပေါက်ကုန်းကျေးရွာအုပ်စုတို့၌ (၁၈.၅.၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်( ၇) လုံး အိမ်ထောင်စု( ၇) စု အတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆ ) မျိုး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ( ၇၀၀၀၀၀ ) နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၅) လုံး အိမ်ထောင်စု (၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၁၅၀၀၀၀) စုစုပေါင်းလူဦးရေ( ၄၅ ) ဦးအတွက်ဆန်ရိက္ခာပစ္စည်းဖိုး (၉၄၅၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၉၄၄၅၀၀) အား (၂၁.၅.၂၀၁၉) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင်မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌၎င်း (၂) ပန်းတနော်မြို့နယ် ဆင်လမ်းကြီးကျေးရွာအုပ်စု အုန်းပင်စုကျွေးရွာ၌ (၁၉.၅.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၁)လုံးအိမ်ထောင်စု(၁)စုစာအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀) နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၃)လုံး အိမ်ထောင်စု(၃) စုစာအတွက်အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၂၀၀၀၀) စုစုပေါင်းလူဦးရေး(၁၅)ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး( ၃၁၅၀၀) စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂၅၁၅၀၀)အား(၂၁.၅.၂၀၁၉)ရက်နေ့(၁၀း၄၅) နာရီအချိန်တွင်ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌၎င်း (၃) ဓနုဖြူမြို့နယ် (ကျောင်းစု.အကျော်.ထီကွေ့.ဆင်လမ်းကြီး)ကျေးရွာအုပ်စုတို့၌(၁၉.၅.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သည့်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၄) လုံး အိမ်ထောင်စု(၄)စုအတွက်အိမ်ထောင်စုတစ်စုလျှင်ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၄၀၀၀၀၀) နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၆) လုံးအိမ်ထောင်စု(၆) စုအတွက်အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၈၀၀၀၀) စုစုပေါင်းလူဦးရေ (၄၀) ဦးအတွက် ဆန်ရိက္ခာပစ္စည်းဖိုး (၈၄၀၀၀) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၆၆၄၀၀၀) အား (၂၁ .၅.၂၀၁၉) ရက်နေ့ (၁၀း၀၀) နာရီအချိန်တွင်ဓနုဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌၎င်း ဘေးသင့်ပြည်သူများထံသို့ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#ayy_may2019

Source – မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events