လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငဖဲမြို့နယ်ရှိ ရပ်ကွက် (၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅) အုပ်စုနှင့် ကျေးရွာ (၆) ရွာတို့တွင် (၁၉-၅-၂၀၁၉) ရက်နေ့၊ (၁၅:၃၀) နာရီမှ (၁၅:၄၀) နာရီ အထိ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ် (၁) လုံး၊ အမိုးလန်နေအိမ် (၁၇၁) လုံး၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ ဓမ္မာရုံ (၂) ရုံ၊ လူဦးရေ စုစုပေါင်း (၇၂၆) ဦး ဘေးသင့်ခဲ့ရာ၊ ဘေးသင့်လူဦးရေ (၇၂၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၅၂၄၆၀၀/-) ကျပ်၊ အမိုးလန်ဘုန်းတော်ကြီးကျောင်း (၁) အတွက် (၁၀၀၀၀၀/-) ကျပ်၊ အမိုးလန်ဓမ္မာရုံ (၂) ရုံအတွက် (၂၀၀၀၀၀/-) ကျပ်၊ ပြိုကျနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ အမိုးလန်နေအိမ် (၁၇၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၆၈၀၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထာင်စုစာနှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၁၇၁) အိမ်ထောင်စုစာတို့အား (၂၁-၅-၂၀၁၉) ရက်နေ့တွင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_sgw
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)