လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၁၄/၁၅-၅-၂၀၁၉)ရက်နေ့၌ လေဘေးဖြစ်ပွားခဲ့သော ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၁၇)အုပ်စုတို့တွင် ပြိုလဲနေအိမ်(၈)လုံး၊ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းနှင့် အမိုးလန်နေအိမ်(၁၇၆)လုံး၊ဘုန်းကြီးကျောင်း(၃)ကျောင်းတို့အတွက် အိမ်/ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၅၆၈၀၀၀/-)ကျပ်၊ ပြိုလဲနေအိမ်(၈)လုံးမှ လူဦးရေ (၂၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၅၆၇၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံငွေ(၃၆၂၄၇၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံးအပါ) (၈)အိမ်ထောင်စာအား(၁၃:၀၀)နာရီအချိန်တွင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2019
Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)