လေဘေးထောက်ပံ့မှုသတင်း

19_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄/၁၅/၁၆-၅-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ပြည်မြို့နယ် အတွင်းရှိ ရပ်ကွက် (၂) ခု၊ ကျေးရွာ အုပ်စု (၂၄) စုတို့ရှိ အမိုးလန်နေအိမ် (၉၄) လုံး၊ ဘုန်းကြီး ကျောင်း (၂) ကျောင်း၊ ပြိုလဲနေအိမ် (၆) လုံး၊ လူ (၁၇) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (ပလပ်စတစ်ပုံးအပါ) (၆) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေစုစုပေါင်း (၃၅၀၅၂၀၀/-) ကျပ် (ကျပ်သုံးဆယ်ငါးသိန်းငါးထောင်နှစ်ရာတိတိ/-) အား ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲသီတာခန်းမ၌ (၁၈-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#bgo_may2019

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events