လေဘေးထောက်ပံ့မှုသတင်း

19 pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ         စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊လယ်ဖြူကျေး ရွာအုပ်စု၊ ဝက္ကုကျေးရွာနှင့်ရင်းကဲကျေးရွာအုပ်စု၊ရင်း ကဲကျေးရွာတို့တွင်(၁၅-၅-၂၀၁၉)ရက်နေ့(၁၆း၃၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်း အတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၅၀၀၀၀ိ/-)၊ အမိုးလန်အိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇၉၈၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၅၆၀၀၀၀ိ/-)၊ စုစုပေါင်း (၆၃၉၈၀၀ိ/-)နှင့် ဆောမြို့နယ်၊ အနိမ့်ကျေးရွာအုပ်စု၊ ကြူတောကျေးရွာတွင် (၁၆-၅-၂၀၁၉)ရက်နေ့ (၁၈း၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သောလေပြင်းတိုက် ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၁)လုံး၊အိမ်ထောင် စု(၁)စု၊ လူဦး ရေ(၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၆၈၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ စုစုပေါင်း (၁၁၆၈၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးအိမ်ထောင်စု(၁၀)စုစာနှင့် စုစုပေါင်းရန်ပုံ  ငွေ(၈၀၆၆၀၀ိ/-)တို့ကို ဆောမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ (၁၈-၅-၂၀၁၉)ရက်နေ့၊ ည(၁၉း၀၀) နာရီတွင် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

#ha_sgw

#mgy_may2019

Source – ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events