လေဘေးထောက်ပံ့မှုသတင်း

19_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် လေးမျက်နှာမြို့နယ်၊ သိမ်ကုန်းအုပ်စု၊ သိမ်ကုန်းကျေးရွာ၊ ကြပ်ကုန်းကျေးရွာနှင့် ခပေါင်းကွင်းကျေးရွာတို့ရှိ လုံးဝပျက်စီးခဲ့သောအိမ်ခြေ (၅) လုံးနှင့် အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ (၁၉) လုံး စုစုပေါင်းအိမ်ခြေ (၂၄) လုံး၊ အိမ်ထာင်စု (၂၄) စုရှိ လူဦးရေ (၈၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၅) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၄၅၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၇၀၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၆၂၀၁၀၀/-) ကျပ်တို့ကို (၁၈-၅-၂၀၁၉) ရက်နေ့တွင် တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_may2019

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events