မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး သင်တန်း မန္တလေးမြို့၌ဖွင့်လှစ်

19 Pic_03

မေ၊ ၁၈၊ မန္တလေး

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ ပြန်လည် ထူထောင်ရေးစခန်း၌ ကျင်းပသော အမှတ်စဉ် (၂/၂၀၁၉) မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ၊ လိုအပ်ချက်ဖြည့်ဆည်းခြင်းများကို ဦးစားပေးကဏ္ဍများအလိုက် ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးတားဆီးကာကွယ်တိုက်ဖျက်ရေးကဏ္ဍသည်လည်း ပါဝင်ပါ ကြောင်း၊ မန္တလေးပြန်လည်ထူထောင်ရေးစခန်းတွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး သင်တန်းသည်  (၄)ကြိမ်မြောက် ဖွင့်လှစ်ကျင်းပခြင်းဖြစ်ပြီး (၂၀၁၉) ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေး နှင့်သက်ဆိုင်သကဲ့သို့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်ပါကြောင်း၊ နိုင်ငံတော်ကလည်း  မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းနှင့် ဖြန့်ဖြူးခြင်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် စနစ်တကျ ဖြေရှင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေရှည်စီမံကိန်းဖြင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လူငယ်များ၏ တန်ဖိုးရှိသည့် အချိန်များကို အကျဉ်းစခန်းများတွင် ကုန်လွန်စေခြင်းမျိုးမဖြစ်စေရအောင်  ဥပဒေ အရ တိကျစွာလိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မူးယစ်ဆေးစွဲ သူများကို မူးယစ်သံသရာမှ လွတ်မြောက်အောင် ရုန်းထွက်လာနိုင်သည့်အထိ ဆောင်ရွက်ပေးရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးသင်တန်းများကို လူမှုအဖွဲ့အစည်းများ၊ ဖေါင် ဒေးရှင်းများ၊ အလှူရှင်းများနှင့်ပူးပေါင်း၍ ရပ်ရွာအခြေပြု၊ စခန်းအခြေပြုနှင့်  ရပ်ရွာနှင့်စခန်း အခြေပြုသင်တန်းများဖြင့် ဆောင်ရွက်လျက်ရှိရာ သင်တန်းကာလကိုလည်း တိုးမြင့်ဆောင်ရွက် လျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးသင်တန်းများ၏ ပိုမိုအကျိုးရှိစေရန် ဖွင့်လှစ်ပြီးခဲ့သော သင်တန်းများ၏ရလဒ်များကို ပြန်လည်ဆန်းစစ်လျက်ရှိပါကြောင်း၊ ယခုသင်တန်းကို မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ပူပေါင်းမှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ထိရောက်အောင်မြင်အောင် သင်တန်း သားများ ကိုယ်တိုင်ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချမှတ်ကာ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်းများ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြသော တာဝန်ရှိ သူများနှင့် ပူးပေါင်းပါဝင်ကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြန်လည်ထူထောင်ရေးသင်တန်းများသည် မူယစ်ဆေးဖြတ်ပြီးသူများ၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာများ ပြန်လည်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ အထူးအဖြင့် မူးယစ်ဆေးစွဲသောလူငယ်များ မူးယစ်သံသရာထဲမှ ရုန်းထွက်နိုင်စေရန် ထိရောက်သော ပြန်လည် ထူထောင်ရေးလုပ်ငန်းများသည် ၎င်းတို့၏ မိသားစုများ၏အနာဂတ်၊ နိုင်ငံတော်၏ အနာဂတ် အတွက် များစွာအထောက်အကူပြုစေမှာဖြစ်ပါကြောင်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဖြန့်ဖြူးခြင်းများကို တိုက်ဖျက်ရာတွင် ပြည်သူများကပါ ပူးပေါင်းပါဝင်ကြမှသာ အောင်မြင်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသားများအား နှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

#hl1

Sign Up

Upcoming Events