လေဘေးထောက်ပံ့မှုသတင်း

18_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀/၁၅/-၅-၂၀၁၉) ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၁၅) စု၊ (၃၂) ရွာတို့ရှိ အမိုးလန်နေအိမ် (၈၀) လုံး၊ ပြိုလဲဘုန်းကြီးကျောင်း (၁) ကျောင်း၊ ပြိုလဲ နေအိမ် (၉) လုံး၊ ပြိုလဲနေအိမ် (၉) လုံးရှိ လူဦးရေ (၃၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၈၈၈၇၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ ပလတ်စတစ် ပုံးအပါ (၉) ပုံးနှင့် သစ်ပင်ပိဒဏ်ရာရ (၁) ဦးအတွက် ထောက်ပ့ံငွေ (၅၀၀၀၀\-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၉၃၈၇၀၀/-) ကျပ်အား သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၈-၅-၂၀၁၉) ရက်နေ့ တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ha_sgw

#bgo_may2019

Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events