လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ကလေးမြို့နယ်၊ ကျေးရွာအုပ်စု (၄) အုပ်စုအတွင်းရှိ အမိုးလန်ပျက်စီးခဲ့သောအိမ်ခြေ (၁၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (ကျားလုံချည်၊ မလုံချည်၊ တဘက်၊ တီရှပ်၊ ဆပ်ပြာ) (၁၇) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းထောက်ပ့ံငွေ (၅၀၀၀၀၀/-) ကျပ်အား ကလေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနစည်းဝေးခန်းမ၌ (၁၈-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_sgw
#sgg_may2019
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)