လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ညောင်တုန်းမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု လှေလမ်းပိုင်းကျေးရွာရှိ ပြိုကျနေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုအတွက် အိမ်ထောင်စု (၁) စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၃၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၀၅၀၀/-) ကျပ် နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၂၅၂၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၄၃၅၇၀၀/-) ကျပ်အား ညောင်တုန်း မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၈-၅-၂၀၁၉) ရက်နေ့တွင် လေဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_sgw
#ayy_may2019
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)