လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာ တမြို့) တွင် (၆-၅-၂၀၁၉) ရက်နေ့၌ ဖွင့်လှစ်ခဲ့သော အရေးပေါ်တုံ့ပြန်ဆောင်ရွက် ခြင်းဆိုင်ရာ နည်းပြသင်တန်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၃/၂၀၁၉) ကိုဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို (၁၇-၅-၂၀၁၉) ရက်နေ့တွင် ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်း ဆင်းပွဲအခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်း နည်းပြများ၊ သင်တန်းသား/သူ (၈၆) ဦး စုစုပေါင်း (၁၀၅) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2019
Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဘစမ)