လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော မင်းဘူးမြို့နယ်၊ ကျေးရွာအုပ်စု (၄) အုပ်စု၊ ကျေးရွာ (၆) ရွာတို့ရှိ အမိုးလန်အိမ်ခြေ (၃၃) လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုး ( ၆၆၀၀၀၀/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၂၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက် စာ (၂၆၀၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၂၀၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၃၃) စုစာတို့အား (၁၆-၅-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သိရှိရပါသည်။
#ha_sgw
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)