လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော တောင်တွင်း ကြီးမြို့နယ်၊ ကျေးရွာအုပ်စု (၇) အုပ်စု၊ ကျေးရွာ (၁၅) ရွာတို့ရှိ အမိုးလန်အိမ်ခြေ (၇၉) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၃၇၀၀၀၀/-) ကျပ်၊ ပြိုကျအိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ( ၂၀၀၀၀၀/-) ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၃၅၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၇၅၁၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၄၂၁၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုး အိမ်ထောင်စု (၂) စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၇၉) စုစာတို့အား (၁၆-၅-၂၀၁၉) ရက်နေ့တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သိရှိရပါသည်။
#ha_sgw
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)