သောက်သုံးရေဖြန့်ဝေမှုသတင်း

18 pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှု အခက်အခဲကြုံတွေ့နေရသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ဦးသောင်းငွေ (တဲတိုက်) နှင့် ဦးကျော်စိန် (တဲတိုက်) ရှိ ကျေးရွာနေ ပြည်သူ အိမ်ခြေ (၁၂၀) လုံး၊ အိမ်ထောင်စု (၁၂၅) စု၊ လူဦးရေ (၅၉၀) ဦး တို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_drg

#mgy_may2019

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events