လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာ အုပ်စု၊ ဝဲကြီးကျေးရွာနှင့် အင်းတိန်ကျေးရွာတို့ရှိ အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၇) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၇၂ဝဝ၀/-) ကျပ်နှင့် လူဦးရေ (၃၃) ဦး အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၆၉၃၀၀/-) ကျပ်အား (၁၆-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့် ပြည်သူများ၏ လက်ဝယ်သို့ အရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_sgw
#npw_may2019
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)