လေဘေးနှင့် မိုးကြိုးဘေးထောက်ပံ့မှုသတင်း

17_Pic_04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ရေဖြူကန်ကျေးရွာအုပ်စုရှိ ကျေးရွာ (၃) ရွာနှင့် ရေတွင်းကုန်းကျေးရွာ အုပ်စု၊ ဝက်ချဲကျေးရွာတို့ရှိ ပြိုလဲနေအိမ် (၁) လုံး၊ တစ်စိတ်တစ်ပိုင်း ‌ပျက်စီးနေအိမ်(၂) လုံးနှင့် အမိုးလန်နေအိမ် (၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၇၁၅၀၀/-) ကျပ်၊ ပြိုလဲနေအိမ် (၁) လုံးမှလူဦးရေ (၄) ဦးအတွက် တစ်ပတ်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာတို့အား (၁၇-၅-၂၀၁၉) ရက်နေ့တွင် ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်မိသားစုများ လက်ဝယ်သို့ အရောက်ထောက်ပံ့ပေးခဲ့ပြီး (၁၄-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးပစ်ခတ်မှုကြောင့် ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၁) ရပ်ကွက်၊ အောက်စုရပ်တွင် နေအိမ် (၁) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀၀၀/-) ကျပ်အား ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၇-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ အရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw, tls

#bgo_may2019

Source: ညောင်လေးပင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events