ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်းနှင့် စျေးကွက်စီးပွားရေးစနစ်တွင် ပါဝင်နိုင် စေရန်အတွက် ကိုယ်ထူကိုယ်ထစီးပွားရေးလုပ်ငန်းများအား ပံ့ပိုးခြင်းအခမ်းအနား ကျင်းပ ပြုလုပ်မှုသတင်း

17_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ဒိန်းမတ်လူမှုရေးအဖွဲအစည်း DRC/ DDG အဖွဲ့အစည်းတို့ပူးပေါင်း၍ ကျင်းပသည့် ကချင်ပြည်နယ်အတွင်း ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်းနှင့် စျေးကွက်စီးပွားရေးစနစ်တွင် ပါဝင်နိုင်စေရန်အတွက် ကိုယ်ထူ ကိုယ်ထစီးပွားရေးလုပ်ငန်းများအား ပံ့ပိုးခြင်းအခမ်းအနားနှင့် လက်မူထုတ်ကုန်စျေးကွက်ပြပွဲ အခမ်းအနားကို (၁၇-၅-၂၀၁၉) ရက်နေ့ နံနက် (၀၉း၃၀) အချိန်တွင် မြစ်ကြီးနားမြို့၊ စီတာပူ ရပ်ကွက်၊ မနောကွင်းမဂျွယ်ခန်းမတွင် ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး IDPs မိသားစုများမှ ကိုယ်ထူကိုယ်ထပြုလုပ်ထား သည့် လက်မှုထုတ်ကုန်ပစ္စည်းများအား လိုက်လံကြည့်ရှု့အားပေးခဲ့ကြကာ စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါကြောင်းသတင်းရရှိပါသည်။

#kcn_may2019

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events