လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ရုံးအဖွဲ့သည် (၁၇-၅-၂၀၁၉) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သောက်သုံး ရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မြောင်းမြမြို့နယ်၊ ဘူဒင်းကွင်းရေကျော်ကျေးရွာအုပ်စု၊ ပိုးလောင်းဝကျေးရွာရှိ အိမ်ခြေ (၁၃၃) လုံး၊ အိမ်ထောင်စု (၁၃၃) စုမှ လူဦးရေ (၇၁၁) ဦးတို့အတွက် (၁) အိမ်ထောင်စုလျင် (၅) ဂါလန် (၂) ပုံးနှုန်းဖြင့် သောက်သုံးရေဂါလန် (၁၃၃၀) ဂါလန်အား သွားရောက်ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#ayy_may2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)