လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပြည်သူများ အပူဒဏ်သက်သာစေရန်အတွက် မုံရွာ မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် ပုလဲမြို့နယ်တို့တွင် အပူရှောင်စခန်း (၂၀) ခု ဖွင့်လှစ်ခဲ့ ပါသည်။ ထို့အပြင် မုံရွာမြို့နယ်တွင် မင်းရွာ၊ ကျောက်စစ်ပုံတောင်ရွာ၊ ထန်းတောရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နှင့် စက်မှုဇုန်တို့တွင် အပူရှောင်စခန်း (၅) ခုဖွင့်လှစ်ခဲ့ပြီး အပူရှောင် စခန်းသို့ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ လာရောက်၍ အနားယူလျက်ရှိရာ အပူရှောင်လာရောက်သူများအား အအေးများတိုက်ကျွေးခြင်း၊ အပူရှောင်စခန်းများတွင် လက်ကမ်းစာစောင်များထားရှိခြင်း၊ သဘာဝဘေးအသိပညာပေး နံရပ်ကပ်ပိုစတာများ ကပ်ရှိ ထားခြင်းများ ပြုလုပ်ထားပါကြောင်းသတင်းရရှိပါသည်။
#ar
#sgg_may2019
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)