လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက်မြို့နယ်၊ ပျဉ်းအိုင် ကျေးရွာအုပ်စု၊ ပျဉ်းအိုင်ကျေးရွာတွင် (၁၆.၅.၂၀၁၉) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၄) လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ (၄) လုံး၊ အိမ်ထောင်စု (၄) စု၊ လူဦးရေစုစုပေါင်း (၁၆) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၃၃၆၀၀/-) ကျပ်နှင့် နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-)၊ ရန်ပုံငွေစုစုပေါင်း (၂၃၃၆၀၀/-) ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၄) အိမ်ထာင်စာတို့အား (၁၇-၅-၂၀၁၉) ရက်နေ့တွင် သရက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_may2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events