မီးဘေးထောက်ပံ့မှုသတင်း

17_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် အင်္ဂပူမြို့နယ်၊ အုတ်တွင်းအုပ်စု၊ အုတ်တွင်း ကျေးရွာ၌ အိမ်ခြေ (၄) လုံး ပျက်စီးခဲ့ရာ ၎င်းအိမ်ထောင်စု (၄) စုရှိ လူဦးရေ (၁၃) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၄) အိမ်ထောင်စုစာကိုလည်းကောင်း အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၇၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၇၂၇၃၀၀/-) ကျပ်ကို အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူများ နှင့်အတူ (၁၇-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_may2019

မီးဘေးထောက်ပံ့မှုသတင်း

====================

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events