လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၁၉) ရက်နေ့ နံနက် (၁၀) နာရီမှ (၁၁း၃၀) နာရီထိ တမူးမြို့နယ်၊ ကွန်းတောင်းကျေးရွာအုပ်စု၊ ကွန်းတောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး အတွက် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ရာ ပြည်သူလူထု (၃၀) ဦးခန့်တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_may2019
Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ)