တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

17_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများဖြစ်သော တောင်ရင်းတန်း၊ ကူတောင်နှင့် အောက်ကျောင်းတောင်စခန်းများသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၅၀) စုမှ လူဦးရေ (၁၈၃) ဦးတို့အတွက် အိမ်ထောင်တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (ကျားလုံချည် (၁) ထည်၊ မလုံချည် (၁) ထည်၊ တပတ် (၁) ထည်၊ တီရှပ် (၂) ထည်၊) တန်ဖိုး (၉၈၃ဝိ/-) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၅၀) စုအတွက် ကျားလုံချည် (၅၀) ထည်၊ မလုံချည် (၅၀) ထည်၊ တပတ် (၅၀) ထည်၊ တီရှပ် (၁၀၀) ထည် တန်ဖိုးကျပ် (၄၉၁၅၀ဝိ/-) ကျပ်နှင့် လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး (၁) လစာ (၉၀၀ဝိ/-) ကျပ် နှုန်းဖြင့် လူဦးရေ (၁၈၃) ဦးအတွက် ဆန်ရိက္ခာ (၁) လစာဖိုး (၁၆၃၇၀၀ဝိ/-) ကျပ်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ (၁၇-၅-၂၀၁၉) ရက်နေ့တွင် တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_otr

#rke_may2019

Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events