လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ကျွဲတဲကျေးရွာအုပ်စု၌ အမိုးလန် အိမ်ခြေ (၁၀) လုံး ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သဖြင့် အမိုးလန်အိမ် (၁၀) လုံးအတွက် အိမ် ဆောက်ပစ္စည်းဖိုး (၄၉၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၁၇၆၀၀/-) ကျပ်၊ အမိုးလန်အိမ် (၁၀) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ စုစုပေါင်း (၆၀၇၆၀၀/-) ကျပ် (ကျပ်ခြောက်သိန်းခုနှစ်ထောင့်ခြောက်ရာတိတိ) ကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ဦးမြင့်ဆောင်၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ကျွဲတဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်တို့နှင့် အတူ (၁၇-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)