လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် သနပ်ပင်မြို့နယ်၊ အပိုင်ကျေးရွာအုပ်စု၊ ထောင်မင်းကျေးရွာအုပ်စုနှင့် ရွာသစ်ပိုင်းရပ်ကွက်၊ ပြွန်ပေါက်ကျေးရွာတို့တွင် ပြိုလဲနေအိမ် (၅) လုံး၊ အမိုးလန်နေအိမ် (၂၀) လုံးပျက်စီးခဲ့ရာ ၎င်းပျက်စီးမှုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀၀/-) ကျပ်၊ ပြိုလဲနေအိမ် (၅) လုံးမှ လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၆၂၀၀/-) ကျပ်နှင့် စုစုပေါင်းထောက်ပံ့ငွေ (၁၀၄၆၂၀၀/-) ကျပ်အား (၁၇-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူ များ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သိရှိရပါသည်။
#ha_sgw
#bgo_may2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)