တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့နေမှုသတင်း

 

16_Pic_01

ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်း ၏ဦးဆောင်မှုဖြင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့် ( ခ)ဦးဒိတ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာနှင့်အဖွဲ့တို့သည် ( ၁၆- ၅ -၂၀၁၉) ရက်နေ့ နံနက်(၀၉း၀၀ )နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ်၊ ဂျော်မဆပ်( ယာယီ) တိုက်ပွဲရှောင်စခန်းရှိအိမ်ထောင်စု (၁၄၀ ) လူဦးရေ( ၆၂၂ )ဦးတို့အတွက်တန်ဖိုးငွေ( ၇၇၂၈၂၅၀/-)တန်ဖိုးရှိ ဆန် ဆီ ပဲ ဆား ( ၁)လစာအား လည်းကောင်း (၀၉ :၃၀)အချိန်တွင် ပလနစိန့်ဂျိုးဇက်( ယာယီ)တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု ( ၂၅၅) လူဦးရေ (၁၃၇၄ )တို့အတွက် တန်ဖိုးငွေကျပ်(၁၆၃၃၆၅၀၀/- )တန်ဖိုးရှိ ဆန် ဆီ ပဲ ဆား ( ၁)လစာအား လည်းကောင်း (၁၀း၀၀)အချိန်တွင် တြီနီတီ(ယာယီ )တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စု (၁၇၇ )စု လူဦးရေ ( ၈၅၀)တို့အတွက် တန်ဖိုးငွေကျပ် (၁၀၃၆၇၁၀၀/-) ကျပ်ရှိသော ဆန် ဆီ ဆား ပဲ (၁)လစာ အား လည်းကောင်း အသီးသီးထောက်ပံ့ခဲ့ရာ စခန်း(၃ )ခုသို့ စားနပ်ရိက္ခာထောက်ပံ့မှု စုစုပေါင်းတန်ဖိုးမှာ (၃၄၄၃၁၈၅၀/-) ကျပ်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

#ha_otr

#kcn_may2019

Source – ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events