လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်စစ်ကန်ကျေးရွာအုပ်စု၊ လွန်ပင်ကုန်းကျေးရွာရှိ လုံးဝပျက်စီးနေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ ဆန် ရိက္ခာဖိုး (၇) ရက်စာ (၁၂၆၀၀ိ/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/-) ကျပ်ကို လည်းကောင်း၊ မင်းခေါင်း (မ) ကျေးရွာအုပ်စု၊ စမ်းပွင့်ကျေးရွာနှင့် မဲဒီးကျေးရွာအုပ်စုမှ ထန်း ပင်လင့်ကျေးရွာတို့ရှိ အမိုးလန်နေအိမ် (၂) လုံးတို့မှ ဘေးသင့်လူဦးရေ (၁၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-) ကျပ်တို့အား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများလက်ဝယ်သို့ (၁၅-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် သွာရောက်ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mdy_may2019
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)