လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ကျေးရွာ (၁၉) ရွာ၌ ပြိုကျနေအိမ် (၃) လုံး၊ တစိတ်တပိုင်းပျက်စီးနေအိမ် (၃၃၄) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် သာသနိကအဆောက်အဦး (၁) လုံးတို့ပျက်စီးခဲ့ရာ ပြိုကျနေအိမ် (၃) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-) ကျပ်၊ တစိတ်တပိုင်းပျက်စီးနေအိမ် (၃၃၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၆၈၀၀၀၀/-) ကျပ်၊ ကျောင်းဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၁၃၇၅) ဦးအတွက် ဆန်ရိက္ခာဖိုး (၂၈၈၇၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၁၆၇၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အိမ်ထောင်စု (၃) စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၃၃၄) စုစာတို့အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ဆည်တော်ဓမ္မာရုံတွင် (၁၆-၅-၂၀၁၉) ရက်နေ့၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)