မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ရေးမြို့နယ်၊ တောင်ပုံကျေးရွာရှိ  ပျက်စီးနေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-) ကျပ်၊ Family Kit (၂) ထုပ်နှင့် ပလပ်စတစ်ရေပုံးအဖုံးပါ (၄) ပုံး၊ စုစုပေါင်းထောက်ပံ့ငွေ (၄၂၇၃၀၀/-) ကျပ်အား ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၃-၅-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့် ပြည်သူများလက်ဝယ်အရောက် ထောက်ပ့ံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir
#mon_may2019

Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events