လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြိုင်မြို့နယ်၊ ဘန့်ဘိုးကျေးရွာအုပ်စု၊ ကင်းကဲကျေးရွာတွင် (၁၁.၅.၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ဆိုလာဖြင့် ဘတ္ထရီအားသွင်းထားစဉ် အင်ဗာတာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ (၁၃)ဦးတို့ မီးဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀,၀၀၀)ကျပ် ၊ဆန်ရိက္ခာဖိုး (၂၇,၃၀၀) ကျပ်၊ စုစုပေါင်း (၄၂၇,၃၀၀) (ကျပ်လေးသိန်းနှစ်သောင်းခုနှစ်ထောင့်သုံးရာကျပ်တိတိ)နှင့်အိမ်ထောင်စု(၃) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုုးအား (၁၃.၅.၂၀၁၉) ရက်နေ့တွင် မြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source – ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)