
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတ မြို့နယ် အတွင်းရှိ အုပ်စု(၆)စု၊ကျေးရွာ(၁၀) ရွာတို့တွင်(၆.၅.၂၀၁၉)နေ့ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျအိမ်ခြေ (၁၆)လုံး၊တစ်စိတ်တပိုင်း အိမ်ခြေ(၅၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄,၂၅၅,၀၀၀) ကျပ်၊ ဘေးသင့်ဦးရေ(၂၇၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၅၈၅,၉၀၀) ကျပ် ၊စုစုပေါင်းရန်ပုံငွေ (၄,၈၄၀,၉၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး-(၁၆)အိမ်ထောင်စာအတွက် တန်ဖိုး (၅၁၇,၆၄၈)ကျပ်၊ ပလတ်စတစ်ဖျာ care myanmar ပိုက်ဖျာ( ၁၆)ချပ်၊ စုစုပေါင်းကယ်ဆယ်ရေးထောက်ပံ့ မှုတန်ဖိုး( ၅,၃၅၈,၅၄၈) ကျပ်ကို (၈.၅.၂၀၁၉)နေ့တွင် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူး နှင့်တာဝန်ရှိသူများသည် ဘေးဖြစ်ပွားရာဒေသသို့သွားရောက်၍ ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_may2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)