ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉) ရက်နေ့၌ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ရွာမကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂) လုံးတို့အတွက် အိမ် ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၂) စုရှိ လူဦးရေ (၈) ဦး အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆၈၀၀/-) ကျပ်နှင့် တန်ဖိုးငွေ (၃၇၀၂၀/-) ကျပ်ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စာတို့အား (၈-၅-၂၀၁၉) ရက်နေ့တွင် ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ် ရေးမှူးနှင့်အတူ ဘေးသင့်မိသားစုများ လက်ဝယ်သို့အရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_rbe
#bgo_may2019

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events