လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉) ရက်နေ့နှင့် (၅-၅-၂၀၁၉) ရက်နေ့များ၌ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ကျုံပင်-ကျောက်တန်းကျေးရွာအုပ်စု၊ အနောက်ဘက်ကျေးရွာအုပ်စုနှင့် သက္ကယ်ကုန်းကျေးရွာအုပ်စုများတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၄) လုံးနှင့် အမိုးလန်/တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၀) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၁၅၀၀၀/-) ကျပ်၊ ပြိုလဲနေအိမ် (၄) လုံးမှ အိမ်ထောင်စု (၄) စုရှိ လူဦးရေ (၂၁) ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၄၁၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၄) အိမ်ထောင်စာတို့အား (၈.၅.၂၀၁၉) ရက်နေ့တွင် ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အတူ ဘေးသင့်မိသားစုများ လက်ဝယ်သို့အရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_sgw
#bgo_may2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)